မိုးနဲ ဧပြီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး မြက်ခင်းကွင်းပြင်နေရာ၌ မြန်မာ့ရိုးရာအတာသင်္ကြန် ယိမ်းအကအလှပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ယိမ်းအကအလှပြိုင်ပွဲတွင် သိင်္ဂီရွှေဝါယိမ်းအဖွဲ့၊ သီတာအေးရိပ်ယိမ်းအဖွဲ့၊ ပိတောက်ရွှေဝါ ပျိုမဒီယိမ်းအဖွဲ့၊ နှောင်းတခေတ်ယိမ်းအဖွဲ့၊ ယိမ်းသမပျိုကညာယိမ်းအဖွဲ့နှင့် လှပျိုဖြူယိမ်းအဖွဲ့အပါအဝင်(၆)ဖွဲ့မှ၊ သင်္ကြန်မိုး၊ သင်္ကြန်ရောက်ခဲ့ပြီး တစ်နှစ်နွမ်းတစ်ခေတ်ဆန်းအစရှိသည့် သီချင်းများဖြင့် ယှဥ်ပြိုင်ကပြဖျော်ဖြေခဲ့ကြပြီး ကပြဖျော်ဖြေသွားသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများကို ကြွရောက်လာသူများက အသီးသီးချီးမြှင့်ခဲ့ကြကြောင်း၊ ဆုရရှိသည့်ယိမ်းအဖွဲ့ကို ဧပြီလ ၁၆ ရက်(အတက်)နေ့ ပိတ်ပွဲတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လူဦးရေ(၁၅၀)ကျော်လာရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)