သတင်းများ

သာပေါင်းမြို့နယ်တွင် သာသနိကအဆောက်အဦးများ မီးဘေးအန္တရာယ်ကင်းဝေးလုံခြုံရေး စစ်ဆေး
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သာသနိကအဆောက်အဦးများ မီးဘေးအန္တရာယ်ကင်းစင်စေရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile   Library   Bus ဖြင့် ဌာနဆိုင်ရာများ အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့နံနက်က အားကစားနှင့်ကာယပညာဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် အထက်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်လှစ်
Apr 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိရာ အထက်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ  Talk Show ဆောင်ရွက်
Apr 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍   မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက   လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ  Talk Show  ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့်ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားတက်ရောက်
Apr 20,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်အဆင့်ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဖြူးမြို့နယ်၊ ကျွဲနွယ်ဂုတ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သောကျေး ရွာတွင်းလမ်း​​ပြီးစီး
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကျွဲနွယ်ဂုတ်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကျောက်ရောမြေခင်းလမ်း ပြီးစီးသွားသောကြောင့် ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိူးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်
Apr 20,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ သောက်သုံးရေရှားပါးသည့် အိမ်ခြေ ၁၀၀ ကို သောက်သုံးရေဖြန့်ဝေပေး
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ နယ်မြေ (၄) ၌ မှတ် (၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံခုတင် (၃၀၀)မှ ယမန်နေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။