သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အတက်နေ့) ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ဧပြီလ ၁၆ ရက်နေ့တွင် ဗဟိုမဏ္ဍပ်၌ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
နေပြည်တော်၌ မဟာသင်္ကြန် (အ​တက်နေ့) တွင် အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကား
Apr 16,2023
မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်ကာ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော် တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်စေရန်၊ မြန်မာမူမြန်မာ့ဟန် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် နိုင်ငံတစ်ဝန်း ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း  ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်း ဖြေနိုင်ရန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပင်းတယမြို့ ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်(အတက်နေ့)၌ အတာရေပက်ဖျန်းသူများဖြင့် စည်ကား
Apr 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)၌ ငှက်ပျောတောရပ်ကွက်၊ ရွှေဥမင်ဘုရား နယ်မြေအတွင်းရှိ ဗဟိုရေကစားမဏ္ဍပ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူး ဧည့်သည်များ၊ ဒေသခံပြည်သူများဖြင့် ပျော်ရွှင်အေးချမ်းစွာ စည်ကားလျက်ရှိကြောင်းသိရသည်။
ယဉ်ကျေးမှုမြို့တော် မင်္ဂလာမန္တလေး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်(အတတ်နေ့) စည်ကားများပြားစွာဆက်လျက်ကျင်းပ
Apr 16,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်(အတတ်နေ့) လုံခြုံအေးချမ်းပျော်ရွှင်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ပြည်သူများပျော်ရွင်စွာဆင်နွဲ
Apr 16,2023
၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ကို‌ ဧပြီလ ၁၃ လရက်နေ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှ စတင်ကာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီး ယနေ့အကြတ်နေ့တွင်လည်း မြို့သူမြို့သားများက အတာရေပက်ဖျန်းကစားကြသူများနှင့် ကုသိုလ်ပြုကြသူ များဖြင့်စည်ကားလျှက်ရှိကြောင်းသိရသည်။
လှည်းကူးမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့ ပြည်သူများ ပျော်ရွှင်စွာရေကစား
Apr 16,2023
 ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၂)ရက် ခရစ်သက္ကရာဇ် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)တွင် မြို့မရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပဲခူး-ရန်ကုန်လမ်းပေါ်ရှိဗဟိုမဏ္ဍပ်၌ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့တော်၌ ပြည်သူများ​အေးချမ်းစွာ အတာရေသဘင်ဆင်နွှဲ
Apr 16,2023
၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်စေရန်ရန်ကုန်မြို့တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
လောက်ကိုင်မြို့၌ ဒေသခံပြည်သူများ ပျော်ရွှင်စွာရေကစား
Apr 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ သင်္ကြန်ကာလတွင် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိရာ ရေပတ်ခံထွက်သူများမှလည်း မော်တော်ယာဉ်များဖြင့် ရေပတ်ခံထွက်ကြပြီး အလှူဒါနပြုလုပ်သူများမှလည်း စတုဒီတာများကို ကျွေးမွေးလျက်ရှိကြောင်းသိရသည်။