ဇေယျာသီရိမြို့နယ်ရှိ သောက်သုံးရေရှားပါးသည့် အိမ်ခြေ ၁၀၀ ကို သောက်သုံးရေဖြန့်ဝေပေး

ဇေယျာသီရိ ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ နယ်မြေ (၄) ၌ မှတ် (၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံခုတင် (၃၀၀)မှ ယမန်နေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။

လှူဒါန်းပေးရာတွင် အမှတ် (၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ခုတင်(၃၀၀)မှ တာဝန်ရှိသူများက  သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် အိမ်ခြေ ၁၀၀ ခန့်အား   သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့်ရေဂါလန် ၂၄၀၀ ကို အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)