ဖြူး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကျွဲနွယ်ဂုတ်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကျောက်ရောမြေခင်းလမ်း ပြီးစီးသွားသောကြောင့် ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိူးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျွဲနွယ်ဂုတ်ကျေးရွာတွင်း ကျောက်ရောမြေခင်းလမ်းမှာ လမ်းအရှည်(၂၀၅၀)ပေ၊ လမ်းအကျယ်(၁၂)ပေ၊ ထု(၆)လက္မရှိလမ်းအား မြစိမ်းရောင်စီမံကိန်း အတိုးရငွေ(၅၀%)ဖြင့် ဆောင်ရွက်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)