တနင်္သာရီမြို့ သဘာဝဘိုးဘွားရိပ်သာတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်
Apr 19,2023
၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီမြို့နယ်- အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၏စီစဥ်ဆောင်ရွက်မှုဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် သက်ကြီး ဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၈ နာရီ ၄၅ က တနင်္သာရီမြို့ သဘာဝ ဘိုးဘွားရိပ်သာကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်/ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့်စေတနာလုပ်အားရှင်များ အလှူရှင်များ၊ အသက်(၇၅) နှစ်အထက် အဘိုး အဘွားများ တက်ရောက်ခဲ့ကြသည်။