သတင်းများ

အင်းလေးရေပေါ်သင်္ကြန်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည်များဖြင့် စည်ကားပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
မဟာသင်္ကြန်အကြတ်နေ့တွင် အင်းလေးရေပေါ်သင်္ကြန် တတိယနေ့အဖြစ် ဒေသခံပြည်သူများ၊ ခရီးသွား ဧည့်သည်များဖြင့် စည်ကားပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ ရေပက်၊ ရေကစားသူ ပြည်သူများအား စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများဖြင့် မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အမှတ်(၁၂၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ပင်းယလမ်းတစ်လျှောက် မြို့နယ်ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိ
Apr 16,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ပြည်သူများ ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
မဟာသင်္ကြန်(အတက်နေ့) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရေကစားသူများဖြင့် စည်ကားလျက်ရှိ
Apr 16,2023
မြန်မ့ာရိုးရာရေသဘင်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်၌ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။
ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အတက်နေ့၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများပျော်ရွှင်စွာ ဆက်လက်ရေကစားလျက်ရှိ
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ကာလ၌ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အတက်နေ့၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများပျော်ရွှင်စွာ ဆက်လက်ရေကစားလျက်ရှိကြောင်း သိရှိရသည်။
တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော် အတက်နေ့ ပြည်သူများပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပလျက်ရှိရာ ယနေ့သင်္ကြန် အတက်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ညောင်လေးပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်၌  ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာ‌ရောက်ရေကစားလျက်ရှိ
Apr 16,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ဗဟိုမဏ္ဍပ်ကို ရုံးပေါင်းစုံလမ်းထိပ်၌ ဖွင့်လှစ်ကျင်းပလျက်ရှိရာ ဧပြီ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိ‌ ကြောင်းသိရသည်။
မိတ္ထီလာမြို့၌ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်
Apr 16,2023
မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့က စတင်ပြီးကျင်းပလျက်ရှိရာ ယမန်နေ့မဟာသင်္ကြန်အကြတ်နေ့က ယိမ်းအကပြိုင်ပွဲ၊ လမ်းလျှောက်သင်္ကြန်ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲများတို့တွင် ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။