သတင်းများ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စင်နှင့်စာအုပ်များ လာရောက်လှူဒါန်း
Apr 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ (က) ရပ်ကွက် ဇာဒက်ကြီးကျွန်းလမ်ထိပ် ပိတောက်ရိပ်အအေးဆိုင်မှ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စာအုပ်စင်နှင့်စာအုပ်များ လာရောက်လှူဒါန်းကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် (၅)ရက်တာ အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နေပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ (၅)ရက်တာ အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်က သကျမာရဇိန် ဆုတောင်းပြည့်ဘုရား တန်ဆောင်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တောင်သူအသိပညာပေး Talk Show ပြုလုပ်
Apr 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တောင်သူအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ပျား‌မွေးမြူရေးအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဧပြီလ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)၊ အမှတ်(၇)မှ ပျားမွေးမြူရေးအကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဝန်ထမ်းများစာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ 
ဖျာပုံခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Apr 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ် ခဲ့ကြောင်း သိရသည်။
ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှား ရမ်းခြင်းလုပ်ငန်းဆောင်ရွက်
Apr 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျောင်းကုန်း၊ အိမ်မဲ၊ မြောင်းမြမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး
Apr 19,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ်သို့ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မချမ်းဘော၌ နွေရာသီအခြေခံအားကစားအခမဲ့သင်တန်းဖွင့်လှစ်
Apr 19,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစား သင်တန်းကို ယမန်နေ့ ညနေ၃နာရီက မြို့နယ်အားကစားကွင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။