ထားဝယ်မြို့တွင် ရေအခက်အခဲကြုံတွေ့နေရသော ကျေးရွာအချို့အား ရေလှူဒါန်းပေးလျက်ရှိ

ထားဝယ်   ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရေအခက်အခဲကြုံတွေ့နေရသော ကနိုင်းဒါကျေးရွာနှင့် ယွန်းဘုရားကျောင်းတို့အား ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီဗဟိုက အိမ်တိုင်ရာရောက်သွားရောက်၍ လှည့်လည်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီဗဟိုမှ  တာဝန်ရှိသူများက  ရေကား(၂)စီး လီတာ(၄၀၀၀)ဖြင့် သယ်ဆောင်၍ ကျေးရွာနေပြည်သူများသို့ အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ပြီး ရေအခက်အခဲကြုံတွေ့နေရသော ကျေးရွာများအနေဖြင့် ဖုန်းဆက်၍ အကူအညီတောင်းခံလာပါက  ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ထားဝယ်လူမျိုး စုစည်းမှုကော်မတီဗဟို ထံမှသိရသည်။

ငွေဇင်ယော်(ထားဝယ်)