Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မိုးမိတ်မြို့နယ်တွင် မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ရိက္ခာနှင့်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်ပေးအပ်
Apr 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့်တာဝန်ရှိသူများက မီးဘေးသင့်မှုဖြစ်ပွားခဲ့သော ပဒါန်းကျေးရွာနေ ဦးထွန်းကျန်၏ နေအိမ်သို့ ယမန်နေ့နံနက် ၁၀ နာရီက ရိက္ခာနှင့်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာများ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကို အကျိုးရှိစေမည့် ကျောက်ချောလမ်းပြီးစီး
Apr 22,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ကျေးလက်လမ်းရန်ပုံငွေ တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် မြို့နယ်ကျေးလက်လမ်း (Class A)အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သော ညောင်ပင်သာ-ကညင်ဒိုင်း ကျောက်ချောလမ်းခင်းခြင်း လမ်းအရှည်(၂)မိုင်၊ လမ်းအကျယ်(၁၄)ပေကို ဆောင်ရွက်ခဲ့ရာ ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
Apr 22,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နတ်တလင်း ခရိုင် သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်၌ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပထမအကြိမ်(အခမဲ့)ထိုးနှံပေး
Apr 22,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ်ခန်းမ၌ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် (အခမဲ့)ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပထမအကြိမ်(အခမဲ့)ထိုးနှံပေး
Apr 22,2023
မွန်ပြည်နယ်၊ မော်လမြုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (အခမဲ့)ထိုးနှံပေးခြင်း ကို ဧပြီ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် ပြည်သူ့ဆေးရုံ စည်းဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ ရေရှားပါးသော နေရာများသို့ သောက်သုံးရေများ လှူဒါန်းပေး
Apr 22,2023
ကျိုက်မရောမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော အပူချိန်ကြောင့် အနိမ့်ပိုင်းရပ်ကွက်များ၌ သောက်သုံးရေများ စတင်ရှားပါးလျက်ရှိသဖြင့် အနိမ့်ပိုင်း ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဥ်များဖြင့် သောက်ရေများ အခမဲ့ပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အသိပညာပေး Talk Show ပြုလုပ်
Apr 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ၂၀၂၃ ခုနှစ် နွေရာသီမြန်မာ့သိုင်းအခြေခံနှင့် အဆင့်မြင့်သင်တန်းဆင်းပွဲနှင့် ဒုတိယအဆင့် ခါးစည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီမြန်မာ့သိုင်းအခြေခံနှင့် အဆင့်မြင့်သင်တန်းဆင်းပွဲနှင့် ဒုတိယအဆင့် ခါးစည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မသန်စွမ်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15656
Page
15657
Page
15658
Page
15659
Current page
15660
Page
15661
Page
15662
Page
15663
Page
15664
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department