သတင်းများ

ညောင်ဦးခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Apr 22,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ တာဝန်များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်း ၃/၂၀၂၃ ဖွင့်လှစ်
Apr 22,2023
ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ရှေးဦးပြုစုနည်း အခြေခံသဘောတရားများကို သိရှိဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ ကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁) ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွားခြင်း
Apr 22,2023
တနင်္သာရီဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်မှူးခင်မောင်လမ်း၊ လမ်းသွယ်(၃)တွင် ယမန်နေ့နေ့လယ် ၂:၅၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီး
Apr 22,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ယနေ့နံနက် ၇ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တက်မကျေးရွာအုပ်စု၊ သပွတ်စုကျေးရွာတွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ဒိုင်း/မျှားတန်းတို့ ပျက်စီးခဲကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ  အခမ်းအနားပြုလုပ်
Apr 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် နွေသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဆည်တမံ(၂)ခုမှ စိုက်ပျိုးရေပေးဝေ
Apr 22,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်အတွင်းရှိ ဆည်တမံ(၂)ခုမှ နွေစပါးနှင့်ဆီထွက်သီးနှံ စိုက်ပျိုးဧက ၁၀၀ ကျော်အတွက် နွေသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ (၂၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ
Apr 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ရဲတပ်ဖွဲ့မှဦးစီး၍ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။