သတင်းများ

လယ်ဝေးမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Apr 22,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူလူထု အသိပညာတိုးပွားစေရေး Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Apr 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ Online စနစ်ဖြင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူမှုနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show ) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာလေမြို့၌ နယ်မြေဒေသလုံခြုံရေး သတင်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌နယ်မြေဒေသတည်ငြိမ်၊ အေးချမ်း၊ လုံခြုံရေးအတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက နယ်မြေခံတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများပုံမှန်ထုတ်ပေး
Apr 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစာဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Apr 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ
Apr 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ဧပြီ(၂၀)ရက် မွန်းလွဲ(၁)နာရီက ကျောက်‌မြောင်းကျေးရွာအုပ်စု ၊ ကဇက်ကျေးရွာ အထက(ခွဲ)၌ ပြုလုပ်ခဲ့သည်။
ဟိုပန်၌ Summer Course For Basic English Grammer သင်တန်းဖွင့်ပွဲပြုလုပ်
Apr 22,2023
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအင်္ဂလိပ်သဒ္ဒါများ ကျွမ်းကျင် တတ်မြောက်မှုရှိစေရန်ရည်ရွယ်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က Summer Course ForBasic English Grammer သင်တန်းဖွင့်ပွဲကို ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိုးမိတ်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Apr 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့်မီး သတိရှိစေရေးတို့အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မဈေးအတွင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။