ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ၂၀၂၃ ခုနှစ် နွေရာသီမြန်မာ့သိုင်းအခြေခံနှင့် အဆင့်မြင့်သင်တန်းဆင်းပွဲနှင့် ဒုတိယအဆင့် ခါးစည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြောက် ဧပြီ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီမြန်မာ့သိုင်းအခြေခံနှင့် အဆင့်မြင့်သင်တန်းဆင်းပွဲနှင့် ဒုတိယအဆင့် ခါးစည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မသန်စွမ်း အားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနား၌ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးင်းလတ်ပိုင်ဦးက   “နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်တွင် တစ်ချက်အပါအဝင်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်အတွက် ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘက်စုံထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန်၊  မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအတွက် အလွန်အကျိုးရှိပြီး  အနာဂတ်တွင် ကျန်းမာကြံ့ခိုင်‌သော လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီမြန်မာ့သိုင်းအခြေခံနှင့် အဆင့်မြင့်သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများမှလည်း နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်ထက်မြက်သော အားကစားသမားများ ဖြစ်ပေါ်လာစေရန် စဉ်ဆက်မပြတ် ဆက်လက်လေ့ကျင့်သွားကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဆရာဦးမြင့်အောင်က ဒုတိယအဆင့် ခါးစည်းများပေးအပ်ခဲ့သည်။ထို့နောက် သင်တန်းသား/သူများက တိုက်ကွမ်ဒို၊  မြန်မာ့သိုင်း၊ Fitness Dance၊ အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။ အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းအား နည်းပြဆရာ (၃) ဦးဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ မှစုစုပေါင်းသင်တန်းသား/သူ(၁၂၀)ဦးတို့ဖြင့် တစ်လခွဲကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ