ကျိုက်မရောမြို့နယ်၌ ရေရှားပါးသော နေရာများသို့ သောက်သုံးရေများ လှူဒါန်းပေး

ကျိုက်မရော ဧပြီ ၂၂

ကျိုက်မရောမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော အပူချိန်ကြောင့် အနိမ့်ပိုင်းရပ်ကွက်များ၌ သောက်သုံးရေများ စတင်ရှားပါးလျက်ရှိသဖြင့် အနိမ့်ပိုင်း ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဥ်များဖြင့် သောက်ရေများ အခမဲ့ပို့ဆောင်ပေးလျက်ရှိသည်။

အဆိုပါ  သောက်ရေများအခမဲ့ ဖြန့်ဝေပေးခြင်းကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာ ဦးနေစိုးကျော် ဦးဆောင်ပြီး စည်ပင်သာယာရေးဝန်ထမ်းများက ရေသယ်ယာဥ် များဖြင့် ၈ ခေါက်တိတိကို ရှင်စောပု၊ ရန်မျိုးအောင်၊ အထရံမြို့သစ်နှင့် လေသာကုန်း ရပ်ကွက်များသို့ရေဂါလံ (၇၆၀၀) ကို ရပ်ကွက် ရေလှောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရေရှားပါးသောအခြား ကျေးရွာရပ်ကွက်များသို့လည်း ဆက်လက် ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)