သတင်းများ

ဒေါပုံမြို့နယ်တွင် လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Youth Club ဖွဲ့စည်းဆောင်ရွက်
Apr 22,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်များပါဝင်သည့် Youth Club ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (191) စတေကာ ကပ်နှိပ်ခြင်းနှင့် မီး‌ဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Apr 22,2023
ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် မြိတ်ခရိုင်၊ ပလောက်မြို့နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လက်ဘက်ရည်ဆိုင်များနှင့် လူစည်ကားရာ နေရာများတွင် (191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၌ မီးဘေးလုံခြံရေး အသိပညာ​ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191) စတေကာ တံဆိပ်များ ကပ်နှိပ်ခြင်းများဆောင်ရွက်
Apr 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး မီးဘေးလုံခြံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် (191)စတေကာတံဆိပ်များကပ်နှိပ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်လှူဒါန်းပွဲကျင်းပ
Apr 22,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခရိုင်ရုံးစာကြည့်တိုက်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များအတွက် အများပြည်သူဖတ်ရှုရန် စာအုပ်များ လှူဒါန်းပွဲကို ယမန်နေ့ညနေ(၃)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန် ကျောင်းသားလူငယ်များ သြဝါဒခံယူပွဲ အခမ်းအနားကျင်းပ
Apr 22,2023
၂၀၂၃ခုနှစ်၊ လူရည်ချွန်များလေ့လာရေးခရီးစဉ်အတွက် လူရည်ချွန်စုရပ်စခန်းများသို့ သွားရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန် ကျောင်းသားလူငယ်များ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
လိပ်သိုဒေသတွင် နနွင်းစိုက်ပျိုးသူများတိုးပွားလာ၍ နနွင်းမျိုးများ ဈေးကောင်းရရှိ
Apr 22,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ နနွင်းကို စီးပွားဖြစ်စိုက်ပျိုးသူများ တိုးပွားလာမှုကြောင့် နနွင်းမျိုးများ ဈေးနှုန်းမြင့်တက်လာပြီး ဈေးကောင်းရရှိလာကာ မျိုးနနွင်းများ ထားသိုရောင်းချသူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Apr 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်၍ စာပေဝါသနာရှင်အား စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖတ်ဝိုင်းကျင်းပ
Apr 22,2023
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။