သတင်းများ

သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Apr 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကာပြားများကပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာစျေးနှင့် မြို့မရဲစခန်းရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ စပါးသီးနှံပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးနှင့် တောင်သူများ လူနေမှုဘဝမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Apr 22,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ညောင်လေးပင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ဆွေးနွေးဆုံးဖြတ်ချက်အရ စပါးသီးနှံ ပန်းတိုင် အထွက်နှုန်းတိုးတက်စေရေးနှင့် တောင်သူများ လူနေမှုဘဝမြှင့်တင်နိုင်ရေး လာမည့် မိုးစပါးရာသီမှစ၍ ကြဲခင်းစနစ်အစား Seeder စနစ်၊ ပျိုးထောင်စနစ်
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်သူများမှ စာဖတ်ဝိုင်းပြုလုပ်
Apr 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေချစ်သူများမှ ဦး‌ဆောင်၍ ပြည်သူများစာအုပ် စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် "လူမှန်လူမြတ် "စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Apr 22,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက် မှု ပြုလုပ်ပေးကြောင်း သိရသည်။
စက်သုံးဆီများ အလွယ်တကူဝယ်ယူရရှိရေးအတွက် Google Sheet အသုံးပြု၍ စက်သုံးဆီလျှောက်ထားရာတွင် တိကျမှန်ကန်စွာ လျှောက်ထားပေးရန်ဆွေးနွေးပွဲကျင်းပ
Apr 22,2023
ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုလုပ်ငန်းများ စက်သုံးဆီလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံများမှ စက်သုံးဆီလျှောက်ထားမှုများအား စက်မှုဇုန်အတွင်းရှိ စက်ရုံများအတွက် သက်ဆိုင်ရာစက်မှုဇုန်များမှ စုစည်း၍လည်းကောင်း၊ စက်မှုဇုန်ပြင်ပရှိစက်ရုံများအတွက် သက်ဆိုင်ရာအသင်းများမှစုစည်း၍လည်းကောင်း လျှောက်ထားလျက်ရှိသည်။
ချောင်းဦးမြို့နယ်၌ မိုးစပါး GW11 မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး  နည်းပညာပေးသင်တန်းဖွင့်
Apr 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဧပြီလ ၂၀ ရက်နေ့နံနက် ၁၀နာရီ အချိန်က မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအားဖိတ်ကြား၍ မိုးစပါး GW11 မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခဲ့ပြီး မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Apr 22,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ တင်လင်းဇော် ရေးသားသည့် "လေဆန်သည့်ငှက် လှိုင်းထက်ကလှေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Apr 22,2023
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။