သတင်းများ

တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လူရည်ချွန်မောင်မယ်များအားတွေ့ဆုံ၍ ဩဝါဒစကားချီးမြှင့်ပြောကြား
Apr 23,2023
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကတွေ့ဆုံ၍  ဩဝါဒစကားချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ပူပြင်းသည့်ရာသီဥတုတွင် အဖြစ်များသော ရောဂါများအကြောင်းသိကောင်းစရာ Talk Show ဆောင်ရွက်
Apr 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ပူပြင်းသည့်ရာသီဥတုတွင် အဖြစ်များသော ရောဂါများအကြောင်း  သိကောင်းစရာ(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယ‌နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်လေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် ပြည်နယ်ကိုယ်စားပြုလူရည်ချွန်မောင်/မယ်များအား တွေ့ဆုံအားပေးထောက်ပံ့
Apr 23,2023
ကချင်ပြည်နယ်မှ ပုဂံ၊ တောင်ကြီး၊ ငွေဆောင်လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက် စခန်းသွင်းလေ့ကျင့်ကြမည့် ပြည်နယ်ကိုယ်စားပြု လူရည်ချွန်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်အားပေးခဲ့သည်။
သုံးခွမြို့ဇေယျသိဒ္ဓိပရိယတ္တိ စာသင်တိုက်၌ (၂၆)ကြိမ် မြောက်အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲ၊ ပဋ္ဌာန်း အောင်ပွဲကျင်းပ
Apr 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမှတ် ၁ ရပ်ကွက်၊‌ ဇေယျသိဒ္ဓိ ပရိယတ္တိစာသင်တိုက်၌ (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်း‌အောင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာနှင့် အခြေခံတရုတ်စာသင်တန်းဖွင့်လှစ်
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာနှင့် အခြေခံတရုတ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် စာကြည့်တိုက်နှင့် လူနေအိမ် (၂)လုံး အမိုးလန်ပျက်စီး
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ယမန်နေ့ ည (၈)နာရီအချိန်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းသဖြင့် မှရိုးကျေးရွာမှ ဘဝရှေ့ဆောင်(အလှူရှင်) စာကြည့်တိုက်နှင့် ဖက်ကုန်းကျေးရွာမှ လူနေအိမ် (၂)လုံး အမိုးလန်၍ ဒိုင်း၊ မျှားတန်းများ ပျက်စီးခဲ့ ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် နွေရာသီသင်တန်း(၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ 
Apr 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ(၀၂:၀၀)နာရီတွင်  နွေရာသီသင်တန်း(၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)မှ အောင်မြင်သူများ ကြံခင်းမြို့နယ်(ချင်းမြောင်) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်နိုင်ရေး အခွင့်အလမ်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (Government of Technological Hight School-GTHS)မှ အောင်မြင်သူများ တက်ရောက်နိုင်ရေး အခွင့်အလမ်းများနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။