သတင်းများ

မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်တွင် ခြင်ဆေးခွေမီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား
Apr 24,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်တွင် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Apr 24,2023
ပညာ​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းစီစဥ်ပြီး၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ဧပြီ (၂၄) ရက်နေ့၊ နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌဦးရဲဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဟုမ္မလင်းလေးတပ်စခန်းဌာနချုပ်ရဲမေများ၊ အမှတ်(၁၉)တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)၊ အမှတ်(၂၂၂)ခြေလျင်တပ်ရင်း ရဲမေများ၊ အမှတ်(၂၆၉)ခြေမြန်တပ်ရင်းနှင့် အမှတ်(၃၇၀)တပ်ရင်းမှရဲမေများ၊ မိခင်နှင့်ကလေး စောင့်ရှောက်အသင်းနှင့်အမျိုးသမီးရေး ရာအဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မချမ်းဘော့မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Apr 24,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောရပ်ကွက် ကျေးရွာများသို့မြို့နယ် နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၅) ဖွဲ့ခွဲကာ ယနေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Apr 24,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောရပ်ကွက် ကျေးရွာများသို့မြို့နယ် နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၅) ဖွဲ့ခွဲကာ ယနေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 24,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ဌာနဆိုင်ရာများနှင့်အတူ ဟိုင်းကြီးကျွန်းမြို့အတွင်းသို့ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းစစ်ဆေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဇန်နဝါရီလမှစတင်၍ ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး၊ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Apr 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၆)အုပ်စု၊ ကျေးရွာ (၁၀၃)ရွာရှိ ပြိုကျလူနေအိမ် (၅၅)လုံး၊ အမိုးလန် လူနေအိမ်(၆၄၄)လုံး၊ စာသင်ကျောင်းဆောင် ပြိုကျ(၂) ဆောင်၊ စာသင်ကျောင်းဆောင် အမိုးလန်(၇)ဆောင်၊ ဘုန်းကြီးကျောင်း အမိုးလန်(၉)ကျောင်း၊ လျှပ်စစ်မီးတိုင် ကျိုးကျ(၉)တိုင်၊ ထီးတော်မြေခစေတီ (၁)ဆူနှင့် ဌာနဆိုင်ရာ (၃)ဌာနတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံး/ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့တွင်စုပေါင်းရှင်ပြုပွဲ ကျောင်းဆင်းခြင်းနှင့်   မြို့တစ်ပတ်လှည့်လည်ခြင်း စည်ကားသိုက်မြိုက်စွာပြုလုပ်
Apr 24,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာပွဲ ကျောင်းဆင်းခြင်းနှင့် မြို့တစ်ပတ်လှည့်လည်ခြင်းကိုယမန်နေ့နံနက်ပိုင်းက စည်ကားသိုက် မြိုက်စွာပြုလုပ်ခဲ့ကြောင်းသိရသည်။