ပူပြင်းသည့်ရာသီဥတုတွင် အဖြစ်များသော ရောဂါများအကြောင်းသိကောင်းစရာ Talk Show ဆောင်ရွက်

သနပ်ပင် ဧပြီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ပူပြင်းသည့်ရာသီဥတုတွင် အဖြစ်များသော ရောဂါများအကြောင်း  သိကောင်းစရာ(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယ‌နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် ညိုပြာက  (Talk Show) ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး  ဒုတိယဦးစီးမှူး ဒေါ်မိမိခိုင်ကက ယခုအချိန်အခါသည် ပူပြင်းသည့်နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ရေငတ်ဝမ်းကျရောဂါ၊ ဝမ်းရောဂါ၊ အထက်လန်အောက်လျှောရောဂါ၊ အပူရှပ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားလေ့ရှိကြောင်း၊ ဝမ်းရောဂါမဖြစ်အာင် ရေကိုကျိုချက်၍ သောက်သုံးသင့်ကြောင်း၊ အပူချိန်မြင့်တက်နေသည့်အတွက် အစားအစာ၊ အနေအထိုင်များ အထူးသတိပြုရန်၊ နံနက်(၁၁) နာရီမှညနေ(၃) နာရီအတွင်း နေပူထဲ သွားလာခြင်းများ ရှောင်ကြဉ်ရန်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)