ကျိုင်းတုံ ဧပြီ ၂၃
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကတွေ့ဆုံ၍ ဩဝါဒစကားချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်(၂)ဦးမင်းညိုတို့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်(၁၇)ဦးအား ဩဝါဒစကာ ချီးမြှင့်ပြောကြားသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုင်းဆမ်တစ်တို့က ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအတွက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)