သတင်းများ

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Apr 24,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် (Book Club)အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ ကသစ်ဦး ရေးသားထားသော "နွယ်မြက်သစ်ပင် ဆေးဖက်ဝင်" စာအုပ်ဖြင့် ဆွေနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Apr 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ဇင် ရေးသားသည့် “အိပ်မက်ကောင်းကင်”လူငယ်ဝတ္ထုတိုများစာအုပ်မှ အကြောင်းအရာများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ဧပြီလ၂၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်၌ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်း ဖွင့်လှစ်
Apr 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ခံထားရသူများအား ဂုဏ်ပြုထောက်ပံ့
Apr 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် အုပ်ချုပ်သူတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက “အကယ်ဒမီ” ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကြည့်ရူအားပေးပြီး လေဘေးသင့်ပြည်သူများအား  သွားရောက်၍ အားပေးစကားပြောကြား
Apr 24,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို သိရှိလိုက်နာကျင့်သုံးတတ်စေပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ရတနာသုံးပါးနှင့် လူကြီးမိဘဆရာသမားတို့အား ရိုသေလေးစား ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်သည့် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Apr 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှစိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်မှ ဓနုဖြူမြို့နယ်၊ ကျုံကောက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်မှ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ကျုံကောက်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီခွဲအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ မိသားစုဝင်ငွေတိုး ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေ
Apr 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေကို အမှီပြု၍ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ဟင်းသီးဟင်းရွက်စားပင်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများထံမှ သိရသည်။