သတင်းများ

ညောင်ဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီး ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က လေပြင်း တိုက်ခတ်မှုကြောင့် မိုးလန်ပျက်စီးသွားသည့် လူနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း နှင့် ရန်ပုံငွေများကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များအမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများ ဖြစ်ပွား
Apr 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့်နေအိမ်များ အမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများဖြစ်ပွားခဲ့ရာ အဆိုပါပျက်စီးမှုများဖြစ်ပွားခဲ့သည့် အခြေအနေအား ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ငပလီ​မြို့၌ လူငယ်​ရေး​ရာအသိပညာ​ပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Apr 23,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ Community Centre အနုပညာခန်းမ၌ က​​လေးအလုပ်သမား ပပျောက်​​ရေး အသိပညာ​​ပေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရှောင်ရှားနိုင်​ရေး အသိပညာ ပေး ဟောပြောပွဲကို ယ​နေ့ နံနက်(၁၀) နာရီက Community Centre အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ Community Centre ခန်းမ၌ “‌ရေချိုးခြင်းနှင့်ကျန်းမာရေး” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် (Book  Club) အဖွဲ့တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ မြို့နယ်စာရေးဆရာဝင်းတင့်ဦး(ကြံခင်း) ရေးသားသည့် “ရေချိုးခြင်းနှင့်ကျန်းမာရေး” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာ​ပေး လက်ကမ်းစာ​စောင်များဖြန့်​ဝေ
Apr 23,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ဖြန့်ဝေပေးသည့် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာ​ပေးလက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မ​စျေး​ရှေ့၌ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးအတွက် သစ်တောဦးစီးဌာန၌ လူထုဖြန့်ပျိုးပင်(၅)သောင်း၊ ကျေးရွာထင်းစိုက်ခင်းပျိုးပင်(၇၂,၆၀၀)ပင်ပျိုးထောင်ထားရှိ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသအတွင်းစိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် ထင်းသုံးစွဲမှုဖူလုံစေရေးအတွက် နှစ်စဉ် ပျိုးပင်မျိုးစုံ စိုက်ပျိုးထားရှိကြောင်း သိရှိရပြီး ၂၀၂၃ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်(၅)သောင်းနှင့် ကျေးရွာသုံးထင်းစိုက်ခင်းအတွက် ပျိုးပင် (၇၂,၆၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီး၌ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Apr 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၉၅)ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊ လေးမျက်နှာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပချိန်တွင် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များလာရောက်ချိန်တွင်
လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပျက်စီး
Apr 23,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များအမိုးလန်ခြင်း၊ ပြိုလဲခြင်း၊ သစ်ပင်ပိခြင်း၊  ဓာတ်တိုင်များလဲခြင်း ကျိုးပဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။