အရာတော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မုံရွာ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ဆရာစံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် ဖွင့်လှစ်ပေးပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအောက်ဆင့်၊ မူလတန်းထက်ဆင့် ဉာဏဆု၊ ကာယဆုရရှိသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးဆုရရှိသူများ၊ အတန်းလိုက်စာပေဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)