နတ်မောက်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဆောင်ရွက်

နတ်မောက် ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မြေပြင်အခြေခံလူဦးရေစာရင်းမှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူရေးကို ယမန်နေ့နံနက်ပိုင်းက ပ/ဂွေးချိုကျေးရွာနှင့် ရွာမွန်ကျေးရွာများရှိ သက်ဆိုင်ရာကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  နတ်မောက်မြို့နယ် ပ/ဂွေးချိုကျေးရွာ၊ ရွာမွန်ကျေးရွာများ၌ တစ်အိမ်တစ်ဆင်း ကောက်ခံဆောင်ရွက်လျက်ရှိရာသို့ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန့်စင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ မြို့နယ်လ.၀.က ဦးစီးအရာရှိ ဦးမျိုးတင့်တို့ပါဝင်သောအဖွဲ့ဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် စာရင်းများမှန်ကန်စေရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)