မိုင်းယန်းမြို့ ပါမိုင်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၁၁

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၊ ပါမိုင်အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးသိန်းဝင်းက ပညာရေးပြုပြင်ပြောင်းလဲလာမှုနှင့် ဒုတိယပညာရေးမှူး ဦးအောင်မျိုးဆွေက ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံထူးချွန်ရေးအတွက် မိမိတို့ကျောင်း ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်တွင် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများတို့က ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြပြီး ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုဖျော်ဖြေ ကပြကြကြောင်း သိရသည်။

ထွန်းထွန်းထူး