ကျွန်းလှမြို့နယ်၌ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိ

ကျွန်းလှ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင် ကွင်းဆင်းကောက်ယူခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် စာရင်းကောက်ယူရေး အဖွဲ့များက ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေမြင်ကွင်းဆင်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်း ကောက်ယူကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာတန်ရှိသူများ ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းများကို ဇန်နဝါရီ ၉ ရက်က စတင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များ ပူးပေါင်းပြီး ရက်ပေါင်း ၂၀ ကြာကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ