သံတောင်ကြီးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်

သံတောင်ကြီး ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Talk Show) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်လော်မူက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးသည် လုပ်ငန်းတစ်ရပ်အနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မွေးစမှသက်ကြီးရွယ်အိုအထိ အခွင့်အရေးများဖော်ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းများကို မူဝါဒများ၊ ဥပဒေများ၊ နည်းဗျူဟာများ၊ လုပ်ထုတ်လုပ်နည်းစနစ်များ ရေးဆွဲဖော်ဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးကြောင်း၊ ကလေးသူငယ်ဥပဒေများ၊ ကလေးသူငယ်တိုင်းသည်အခွင့်အရေး(၄)ရပ်ကို ရရှိခံစားခွင့်ရှိသည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြို့တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။

နော်နော်မူ