ချောင်းဆုံ ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း(၁၁၂)ကျောင်းတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် (၉)နာရီက စတင်၍ (Booster Dose) တတိယအကြိမ်ဖြင့် အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့်အတူ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများသက်ဆိုင်ရာကျေးရွာရှိ ရပ်မိရပ်ဖ ကျောင်းအကျိုးတော်ဆောင်များက ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ယခု (Booster Dose) ကာကွယ်ဆေး ထိုးနှံရန် လျာထားဦးရေမှာ (၁၆၅၇၈) ဦးရှိပြီး (၂) ရက်အတွင်း ဆေးထိုးနှံပြီးဦးရေ (၃၈၆၅) ဦးရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် (၂၃.၃၁) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)