ကျောက်တော် ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့သို့ နှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးလှဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရန်ထားရှိရန် လိုအပ်သောမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား ပြည်သူ့လူထုများသိရှိနိုင်ရေးအတွက် အသိပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း