တိုင်ထောင် ပဲထောင့်ရှည်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိူးသူများအဆင်​ပြေ

ကျိုက်မရော ဇန်နဝါရီ ၁၂

မွန်ပြည်နယ်၊ ကျိုက်မရော မြို့အဝင် ထန်းပင်းတန်းအနီးရှိ လယ်​မြေများတွင် ဆောင်းရာသီ သီးထပ်အဖြစ် စိုက်ပျိုးထားသည့် တိုင်ထောင် ပဲထောင့်ရှည် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး  မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်းဗျောကျေးရွာမှ တိုင်ထောင်ပဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူ ဦးမောင်ဦးထံမှ သိရသည်။

အဆိုပါ တိုင်ထောင်ပဲသီးစိုက်ခင်းများကို  အောက်တိုဘာလမှစတင်၍ စိုက်ပျိုးရောင်းချခဲ့ပြီး  အတောင့်​တစ်ရာ စည်းတစ်စည်းကို ငွေကျပ် ၁၅၀၀ ကျပ်ရရှိပြီး တိုင်ထောင်ပဲကို တစ်ပတ်လျင် ၃ ကြိမ်ခူး၍ရောင်းချရကြောင်း တစ်ကြိမ် အချိန် ၃၀ ခန့်ရရှိပြီး တစ်ကြိမ်လျင်  ဝင်ငွေလေး သောင်းခန့်ရရှိကာ မိသားစုအပိုဝင်ငွေများရရှိနေသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာသူများလာပြီး တိုင်ထောင်ပဲသီးအပြင် စားဖိုချောင် စားသုံးသီးနှံများဖြစ်သည့် ခရမ်း၊ ရုံးပတီသီး၊ ငရုတ်သီးပင်များကို ပါရော၍စိုက်ပျိူးထားကြသည်။

ဘိန်းဗျောကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးကို  အဓိကထား  လုပ်ကိုင်စားသည့် ကျေးရွာဖြစ်သောကြောင့်  မိုးစပါးများ ရိတ်သိမ်းပြီးသည်နှင့် မြေအောက်ရေဖြင့်   ဆောင်းသီးနှံပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြပြီး မိသားစု အပိုဝင်ငွေ ရရှိရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ်စိုက်ပျိုးရောင်းချ သူများလည်းရှိကြောင်း ဒေသခံဆောင်းသီးနှံ စိုက်ပျိုး ရောင်းချသူများထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)