ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပ

ရွှေတောင်   ဇန်နဝါရီ   ၁၃

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အမက ဘယ်လက်ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဆောင်ရန်ရှောင်ရန်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးကာကွယ်‌ရေးနှင့်ကလေးအလုပ်သမားပပျောက်ရေးတို့အတွက် အသိပညာပေးအကြောင်းအရာများကို သာဓကအနေဖြင့်  ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ Ice Break ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင် "သဘာဝလက်ဆောင်သုံးရာသီ"စက္ကူပြဇာတ်ဖြင့်လည်းကောင်း၊  ရုပ်သံ(၃)ဒေါ်အေးအေးခိုင်မှ " မျောက်နှင့်ဗျိုင်း" ပုံပြင်စာအုပ်ဖြင့်  ပုံပြင်များပြောပြခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေး‌နေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်အ‌နေဖြင့် ယူဆောင်လာသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)