တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပွဲကျင်းပ

တံတားဦး  ဇန်နဝါရီ  ၁၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့်ကဗျာရွတ်ဆိုပွဲကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဦးဘိုမောင်က  ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအစဆေးလိပ်ကဆိုသည့်အတိုင်းဆေးလိပ်သောက်ခြင်းကိုမပြုလုပ်ကြရန် ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော  စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊မူးယစ်ဆေးဝါးအန္တရာယ်၊ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ဆေးခြောက်အန္တရာယ်၊စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်နှင့် လူငယ်များမူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးရှောင်ရှားနိုင်ရန်နှင့် လူငယ်များ အားမူးယစ်ဆေးဝါးအန္တရာယ်မကျရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများရရှိရေးဟောပြောသည်  ။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိကပြန်လည်ဖြေကြားပေးကြသည်။အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများ၊ဆရာ/မများ တက်ရောက်ကြသည်။ဆက်လက်၍ ကျောင်းသား/သူများအသိပညာဗဟုသုတတိုးပွားရေးနှင့်နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက်ကဗျာရွတ်ဆိုပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများကအမှတ်တရ လက်ဆောင်များချီးမြှင့်ပေးကြောင်းသိရသည် ။

ဦးရဲတင့်( ပြန်/ဆက်) 

၀၉-၇၉၇၄၃၈၃၀၅