ပေါက်တော ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပေါက်တောမြိုနယ်လုံးဆိုင်ရာ သွေးလှူရှင်များအသင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ပေါက်တောမြို့နယ်လုံးဆိုင်ရာသွေးလှူရှင်များအသင်းရုံးတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။
အခမ်းအနားတွင် သွေးလှူရှင်များအသင်း နာယက ဦးစံရွှေမြက အဖွင့်အမှာစကားပြောကြားခြင်း၊ အသင်း၏ဥက္ကဋ္ဌ ဦးကျော်ကျော်ခိုင်မှ သွေးလှူရှင်အသင်းကို ၂၀၁၄ ခု မှစတင်တည်ထောင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် (၈)နှစ်ကာလအတွင်း သွေးလိုအပ်သည့် လူနာများအတွက် အသင်းသူအသင်းသားများက ဝိုင်းဝန်းကူညီမှုဖြင့် ယနေ့အထိ အခက်အခဲမရှိဘဲ ရပ်တည်နေနိုင်ကြောင်း၊ အသင်း၏ရန်ပုံငွေများကိုလည်း လက်ရှိရန်ပုံငွေထက်ပိုမိုရရှိနိုင်အောင် ဝိုင်းဝန်းကူညီအကြံပြုစေလိုကြောင်းနှင့် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကိုပြောကြားခြင်း၊ သွေးလှူရှင်အသင်းဒုဥက္ကဋ္ဌ ဦးမောင်သန်းဝင်းမှ အသင်း၏အလှူငွေရရှိမှုနှင့် အသုံးစရိတ်တစ်နှစ်တာရှင်းတမ်းကို ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာကြသည့်အသင်းဝင်များက လိုအပ်သည်များကို ဆွေနွေးပြောကြားကြပြီး သွေးလှူရှင်အသင်း၏ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုအတည်ပြုကာ အခမ်းအနားကို မွန်းတည့်(၁၂)နာရီတွင်ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)