ကျောက်ဆည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများဆောက်လုပ်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့်ကုန်ကျမှုစရိတ်များသက်သာစေရေး၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်းရေးအတွက် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘယ်လင်း - စွန်ရဲ - ရွှေလှံဗိုလ် - ရဲရွာလမ်းတွင် တောင်ကျရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် တံတားတစ်စင်းအားပယ်ဖျက်ပြီး သံကူကွန်ကရစ်တံတားအသစ်(၁)စင်း ပြန်လည်အစားထိုးပြီးဆောက်လုပ်ပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၈၃.၅၂)သန်းဖြင့် လမ်း၏(၅၇)ကီလိုမီတာမှ (၅၈)ကီလိုမီတာတွင် တောင်ကျရေတိုက်စားမှုကြောင့် ခံနိုင်ရည်ဝန်အားမရှိတော့သည့် ယခင်တံတားအဟောင်းအားပယ်ဖျက်ပြီး (၆၀၉ မီတာ x ၉၁၄ မီတာ) သံကူကွန်ကရစ် တံတားအသစ်(၁)စင်း အစားထိုးဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
လုပ်ငန်းပြီးစီးသွားပါက အဆိုပါလမ်းအား အသုံးပြုလျက်ရှိသော ပြည်သူများအနေဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်