တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

တံတားဦး ဇန်နဝါရီ  ၁၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  ကျင်းပကြောင်း သိရသည်။

ဉာဏ်စမ်းပဟေဠိ ကျင်းပရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုသုတများ လေ့လာ ဖတ်ရှုခြင်းအားဖြင့် အသိပညာများ တိုးပွားကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့်ကျောင်းသား/သူများက စကားပုံဆက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများ၊ ကျောင်းသား/သူများလေ့လာသင့်သည့် စာအုပ်စာစောင်များကိုပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှု အားပေး ကြကြောင်းသည် ။

ရဲတင့် (ပြန်/ဆက်)