တွံ​တေးမြို့နယ်တွင် မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူနေမှုအား ခရိုင်၊ မြို့နယ်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှု

တွံတေး   ဇန်နဝါရီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှုများကို ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒုတိယညွန့်ကြားရေးမှူးဦးအောင်ကျော်ဦး၊ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုတအောင်၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက အိုးဖိုအနောက်ရပ်ကွက်နှင့် အိုးဘိုအရှေ့ရပ်ကွက်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တွံ​တေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၇၃)အုပ်စုမှ ခန့်မှန်းလူဦးရေ(၃၀၀၀၀၀)ဦး၊ အိမ်ထောင်စု(၇၀၇၂၁)စုအား မြေပြင်စာရင်းကောက်ယူရေးအဖွဲ့ပေါင်း(၁၉၀)ဖွဲ့မှစာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ(၉)ရက်မှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

တွံတေးသား