အမ်း ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၏ကျက်သရေဆောင် အမ်း - မအီလမ်းမြို့အဝင်(၁) မိုင်ကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော သဗ္ဗဇယျမုနိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး ကုန်းတော်ပရဝုဏ်အတွင်း၌ အများသူငှာစိတ်ချမ်းမြေ့စွာဖြင့် ဘုရားဖူးကုသိုလ်ယူအပန်းဖြေနိုင်စေရန် ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိ ဌာနဆိုင်ရာများ စုပေါင်းကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
အဆိုပါ သန့်ရှင်းသာယာလှပရေးစုပေါင်းဆောင်ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များကဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများကပူးပေါင်း၍ ဘုရားကုန်းတော်ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ အမှိုက်ကောက်ခြင်းများဆောင်ရွက်ကာ စုပေါင်းကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး သဗ္ဗဇယျမုနိထိုင်တော်မူရုပ်ပွားကြီး၏ ပုလ္လင်တော်နှင့် ရင်ပြင်တော်ရှိ ဆေးရောင်များမှေးမှိန်နေသောအစိတ်အပိုင်းများအား ဆေးရောင်များဖြင့်ရောင်တော်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)