မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂ ၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေး  ငွေများပြန်လည်ကောက်ခံ

ကျိုက်မရော ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ခွဲ)တွင် ၂၀၂၂ ခုနှစ် မိုးရာသီဘဏ်ချေးငွေများအား ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီစပါးသီးနှံအတွက် ထုတ်ချေးပေးထားသည့်ချေးငွေများကို ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၉)အုပ်စုမှ တောင်သူ(၁၄၉၁) ဦးတို့အား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ ချေးငွေစုစုပေါင်း (၁၄၁၆၉) သိန်း ကျပ်အားထုတ်ချေးထားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ထိ ပြန်လည်ကောက်ခံရရှိမှုမှာ ကျေးရွာပေါင်း(၃၅)ရွာမှ တောင်သူ ၄၃၈ ဦးတို့ထံမှ ကောက်ခံရရှိငွေ စုစုပေါင်းမှာ(၃၉၂၅.၅ ) သိန်းကျပ် ပေးသွင်းထားပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် မိုးဘဏ်ပြန်လည်ကောက်ခံရရှိငွေမှာ(၂၇. ၇၀)ရာခိုင်နှုန်း ကောက်ခံရရှိပြီးဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာ ဒေါ်သီတာထွန်းထံမှ သိရသည်။

 ချိူမြတ်မြတ်ထွေး (ပြန်/ ဆက်)