ဗန်းမော် ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခန့်က လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုမိုးက လေထုညစ်ညမ်းမှု၏ အဓိပ္ပာယ်၊ လေထုညစ်ညမ်းမ အမျိုးအစားများ၊ အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ပြင်ပလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ အန္တရာယ်အများဆုံး လေထုညစ်ညမ်းမှု အမျိုးအစားအကြောင်းများ၊ လေထုညစ်ညမ်းမှုကြောင့် လူသားတွေ၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်စေသည့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်၌ ဖြစ်ပေါ်စေသည့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့်နည်းလမ်းများနှင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး ပြည်သူလူထုများ လိုက်နာသင့်သည့် အချက်များကို မေးမြန်းခဲ့ရာ ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နှင်းဝေဝေက အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်