မုဒုံမြို့၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ဒေသခံတောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်

မုဒုံ ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ဒေသခံတောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းမှ ချေးငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံဖြင့် နွေစပါး(၉၄)ဧက စိုက်ပျိုးခြင်းအတွက် (၁)ဧက(၂)သိန်းကျပ်နှုန်းဖြင့် ရန်ပုံငွေကျပ်(၁၈၈)သိန်းအား ကွမ်လှာကျေးရွာကိုယ်စား​ပြုတောင်သူတစ်ဦးထံ မုဒုံတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးကျော်ဝင်းမှလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံဖြင့် နေကြာ(၅၀)ဧက စိုက်ပျိုးခြင်းအတွက် (၁)ဧက(၂)သိန်းကျပ်နှုန်းဖြင့်  ရန်ပုံငွေကျပ်သိန်း(၁၀၀)အား တာပသွန်ကျေးရွာကိုယ်စားပြု တောင်သူတစ်ဦးထံ မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းမှလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွား/ဝက်မွေးမြူခြင်းအတွက် (၁)ဦးလျှင်(၁၀)သိန်းကျပ်နှုန်းဖြင့် ရန်ပုံငွေကျပ်သိန်း(၆၀၀)အား ကော့ပရံကျေးရွာနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် ဘဏ္ဍာရေးမှူးဦးဟုတ်စွမ်ထံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးလှိုင်အောင်မင်းမှလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကော့ပရံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကို ငွေကျပ်သိန်း(၃၀၀)အား အသင်းဥက္ကဋ္ဌဦးဟန်စိန်ထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမင်းအောင်မြင့်မှလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကြီးပွားစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကို ငွေကျပ်သိန်း(၃၀၀)အား အသင်းဥက္ကဋ္ဌဦးထွန်းသန်းထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူးခင်ဇော်ဝင်းမှလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောင်ကေးစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကို ငွေကျပ်သိန်း(၃၀၀)အား အသင်းဥက္ကဋ္ဌဒေါ်ဝင်းဌေးထံ ခရိုင်မွေးမြူရေးဦးစီးဌာနခရိုင်ဦးစီးမှူးဒေါက်တာအေးချမ်းမှလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံဖြင့် ပဲတီစိမ်း(၆၈)ဧက စိုက်ပျိုးခြင်းအတွက် (၁)ဧက(၁)သိန်း(၂)သောင်းကျပ်နှုန်းဖြင့် ရန်ပုံငွေကျပ် (၈၁)သိန်း(၆)သောင်းအား တာပသွန်ကျေးရွာကိုယ်စားပြု တောင်သူတစ်ဦးထံမြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးငြိမ်းချမ်းကျော်မှလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် Contract Farming ဖြင့် နွေစပါးစိုက်ပျိုးခြင်းအတွက် ငွေကျပ်သိန်း(၃ဝဝ)အား တောင်သူတစ်ဦးထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးအောင်မော်မှလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်မုဒုံမြေအဆင့်မြင့် ရော်ဘာပြားထုတ်လုပ်ရေးသမဝါယမအသင်းကို ငွေကျပ်သိန်း(၁ဝဝဝ)အား အသင်းဥက္ကဋ္ဌထံ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူးဒေါက်တာကျော်မျိုးဆန်းမှလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ခြင်းအတွက် ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

မုဒုံသူ ပြန်/ဆက်