တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းသီဆို၍ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ပညာရေးမှူး ဦးကြည်လွင်တို့က အဖွင့်အမှာစကား ပြောကြားကြကာ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင်ပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများက တိုင်ရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်အကပဒေသာများဖြင့် တင်ဆက်ကပြကြကာ ပညာရည်ချွန်ဆုရရှိကြသူများအား တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)