ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေး

ရသေ့တောင် ဖေဖော်ဝါရီ 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီ  အချိန်က ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ရှိ ပုပ္ပါရုံ ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများ စခန်းတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ သရုပ်ပြခြင်းနှင့် အသိပညာပေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်က‌ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေး ကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်း မပြုရန်၊ အိမ်တွင် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ဟင်း ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန် စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။

ထို့အပြင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း‌ ဟောပြောကြားခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)