ပင်လောင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ပင်လောင်း ‌ဇွန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေးများအား ဇွန် ၂ရက်နေ့ နံနက်ပိုင်းက  ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းအေးလှိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာတိရစ္ဆာန်ကျန်းမာရေးလုပ်သားများက လွယ်မော်ကျေးအုပ်စု ပေါ့ကဲကျေးရွာရှိ ကျွဲနွားအကောင်(၁၀၀)အား လည်ချောင်းကွဲကာကွယ်ဆေးများထိုးနှံပေးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်