ထန်းတပင်မြို့နယ်၌ မိုးရာသီ၌ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်) ဇွန် ၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပက်အင်းကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အသိပညာပေးဆောင်ရွက်ရာတွင်လည်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းက ကျေးရွာနေပြည်သူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည့် ရောဂါကာကွယ်နည်းများကိုမေးမြန်းရာ မြို့နယ်တိုင်းရင်းဆေးမှူးက ပြန်လည်၍အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူးနှင့်အဖွဲ့က ပက်အင်းကြီးကျေးရွာနေပြည်သူ (၅၈) ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)