မိုင်းဖြတ် ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၃ ရက် နံနက်ပိုင်းက နမ့်လန်းကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာရုံး၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များနှင့်စပ်လျဥ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းရီတစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များက သင်တန်းသားများကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ (၃) ရက်မှ (၁၇) ရက်နေ့အထိ (၁၅) ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာများမှ သင်တန်းသား (၂၀) ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)