ရွှေတောင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေ တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်ဖွင့်လှစ်သော အခြေခံဂျူဒိုသင်တန်း ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ကျောင်းသား/သူများ၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေမှ ဂျူဒိုအခြေခံကျနည်း နည်းစနစ်၊ ကိုင်ပေါက်နည်းစနစ်၊ ချုပ်နည်း နည်းစနစ်တို့ကို ပြသပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို (၃) ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)