ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာ

ဆွမ်ပရာဘွမ်  စက်တင်ဘာ   ၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြေညာကပ်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်း၌ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း (၄) ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း (၆) ဦး၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) မှ ကိုယ်စားလှယ်လောင်း (၅) ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) မှ ကိုယ်စားလှယ်လောင်း (၆) ဦး၊ ဗမာ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း   (၇) ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၈ ) ဦး၊ ရဝမ်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း    (၆ ) ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ပုံစံ -၁၀ ၊ ပုံစံ ၁၀(က)များဖြင့် ကပ်ထား ကြေညာထားကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ်)