တနိုင်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

တနိုင်း    စက်တင်ဘာ   ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က)များဖြင့် သြဂုတ်လ (၃၀)ရက် နံနက် (၁၁)နာရီအချိန်ကစတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြော်ငြာဘုတ်တွင် ကပ်ထားကြောင်း သိရှိရသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကြေညာရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း(၆)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ အမှတ်(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ အမှတ်(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတွင် ဗမာတိုင်းရင်းသားလူမျိုး(၇)ဦး၊ ရှမ်းတိုင်း ရင်းသားလူမျိုး(၈)ဦး၊ လီဆူတိုင်းရင်းသားလူမျိုး(၈)ဦးနှင့် ရဝမ်တိုင်းရင်းသားလူမျိုး(၆)ဦးဖြင့် စုစုပေါင်း (၅၅)ဦးစာရင်းအား ကပ်ထားကြေညာ ထားခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အမှတ်(၁)နှင့်အမှတ်(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ကြေညာချက် ပုံစံ(၁၀) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ကြေညာချက် ပုံစံ(၁၀-က)ဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)