Skip to main content

Apr 09, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီး ကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးရေး တက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း၊ အမှတ်စဉ်(၅) စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများ၏ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 09, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 09, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဗီနေးကူးမားကို ယနေ့ မွန်းလွဲ ၂ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 09, 2022

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် အာဆီယံ- အမေရိကန် စီးပွားရေးကောင်စီ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမေရိကန်အေဂျင်စီနှင့် အာဆီယံတို့၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် ကျင်းပသည့် “အာဆီယံ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်မျှဝေရေးနှင့် သင်ကြားရေးဝက်ဘ်ဆိုက် ASEAN SME Academy 2.0 ဖွင့်လှစ် ခြင်းအခမ်းအနား” သို့ ဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 09, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် တာဝန် ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်၌ တာဝန်ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 08, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် အစည်းအဝေးကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 08, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး သင်္ကြန်အကြို စတုဒိသာ ကျွေးမွေးပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 08, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး သင်္ကြန်အကြို စတုဒိသာ ကျွေးမွေးပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 08, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမား ဦးဆောင်သော အဖွဲ့ကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 08, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နှစ်သစ်ကူးအခါသမယတွင် ဝန်ကြီးဌာန မိသားစုများအားလုံး အေးချမ်းပျော်ရွှင်ပါစေကြောင်းနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းရွက်ရာတွင် ကိုယ်စီတာဝန်များကျေပွန်စွာဖြင့် ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကာ အောင်မြင်မှုများရရှိပါစေကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်