ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသည့် ရှေးမြို့ဟောင်း လေးမြို့ရှိသည်။ ၎င်းတို့မှာ ၂၀၁၄ ခုနှစ် ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့သည့် ပုဂံမြို့တို့ဖြစ်သည်။
မူးယစ်ဆေးဝါး သယ်ဆောင်မှုများနှင့် ထိရောက်သည့်ပြစ်ဒဏ်
မိမိတို့နိုင်ငံတွင်ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ပျံ့နှံ့မှုနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် အကန့်အသတ်၊ အတားအဆီးများပြုလုပ်ကာ ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နေရချိန်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများက အခွင့်ကောင်းတစ်ရပ်အဖြစ် အသုံးချခဲ့ကြသည်။ မူးယစ်ဆေးဝါးတန်ဖိုးကျပ်ငွေဘီလီယံ (သန်းပေါင်းထောင်နှင့်ချီ၍) ပမာဏကြီးမားစွာ မကြာခဏ ဖမ်းဆီးရမိခဲ့ရာ သာမန်အချိန် ကာလများထက် များစွာပိုမိုခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ကမ်းသောလက်
တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထပ်မံဖိတ်ခေါ်လိုက်သည်။ ပထမအကြိမ်အဖြစ် ဧပြီလ ၂၂ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ဖွဲ့တို့က လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ကြပြီး မေလ ၂၀ရက်မှစကာ RCSS/SSA ၊ NMSP ၊ (KNU/KNLA- PC) ၊ UWSP၊ NDAA ၊ ALP စသည်ဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးခဲ့ကြရာ အပြုသဘောဆောင်ပြီး ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့သည်။ ကျန်လက်နက်ကိုင်အဖွဲ့လေးဖွဲ့နှင့်လည်း ဆက်လက်၍ ဆွေးနွေးသွားမှာဖြစ်သည်။
ဒီမိုကရေစီနိုင်ငံနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး
၂၀၁၁ခုနှစ် မတ်လ ၃၁ရက်နေ့သည် မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာသစ်တစ်ခု စတင်ဖွင့်လှစ်ခဲ့သည့်နေ့ ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ဝက်စာမျှ ကြာမြင့်ခဲ့သည့် ဗဟိုဦးစီးပုံစံ အုပ်ချုပ်ရေးစနစ်၏ နေရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် စတင်ဝင်ရောက်လာခြင်းပင် ဖြစ်သည်။ ထိုစဉ်က မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ သိမ်မွေ့ညင်သာမှုနှင့် ပြည်သူကိုဗဟိုပြုသည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာက ဂရုတစိုက် စောင့်ကြည့် လေ့လာကာ အကောင်းမြင်မှုများနှင့် ချီးမွမ်းထောမနာပြုမှုများကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ မျက်နှာပန်းပွင့်လန်းခဲ့သည်။
လျှပ်စစ်ကား၊ လျှပ်စစ်ရထားနှင့် နိုင်ငံတိုးတက်ရေး လျှပ်စစ်ဓာတ်အား
ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်း လောင်စာများမှာ အကန့်အသတ်ရှိသော သယံဇာတများ ဖြစ်သည့်အလျောက် တစ်ချိန်ချိန်တွင် ကုန်ခန်းသွားမည်ဖြစ်သည်။ လူသားကမ္ဘာကြီး နေ့စဉ်ရှင်သန်လှုပ်ရှားမှုတွင် စွမ်းအင်ကို မဖြစ်မနေသုံးစွဲနေရခြင်းဖြစ်ရာ ကုန်ခန်းသွားမည်ဖြစ်သည့် ရုပ်ကြွင်းလောင်စာ စွမ်းအင်များ၏ နေရာတွင် အစားထိုး စွမ်းအင်များကို ရှာဖွေနေကြရသည်။ တစ်ဖက်တွင်လည်း ရုပ်ကြွင်းလောင်စာများသုံးစွဲရာမှ ထွက်ပေါ်လာသည့် မှန်လုံအိမ်ဓာတ်ငွေ့ များကြောင့် ကမ္ဘာ့အပူချိန်တိုးမြင့်လာပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အတွက် ရုပ်ကြွင်း လောင်စာသုံးစွဲမှုများကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ ဥရောပနိုင်ငံအချို့တွင် လာမည့်နှစ်အနည်းငယ်အတွင်း ဒီဇယ်၊ ဓာတ်ဆီအင်ဂျင်ကားများ ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ လျှပ်စစ်ဘက်ထရီအင်ဂျင်ကားများ ထုတ်လုပ်သုံးစွဲ သွားရန် ဆောင်ရွက်နေပြီဖြစ်သည်။ လျှပ်စစ်ရထားများကိုမူ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒအမှန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ကျင်းပလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ လွတ်လပ်မှု၏ အရသာ၊ ဒီမိုကရေစီ၏ အရသာကို ခံစားခွင့်ရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများက ဒီမိုကရေစီ၏ အနှစ်သာရ ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့် ရထိုက်သည့်အခွင့်အရေးများ ရရှိစေရေး နှစ်ဖက်မျှတမှု ရှိစေရန်ဟူသောမူဖြင့် ကျင်းပနေခြင်း ဖြစ်သည်။
တိုင်းရင်းသားပြည်သူလူထု၏ ငြိမ်းချမ်းရေးခံစားလိုသည့် ဆန္ဒ
နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ လိုအင်ဆန္ဒဖြစ်သည်။ လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရတို့ကို ဆယ်စုနှစ်ပေါင်း များစွာ အပြည့်အဝ မခံစားရသေးသည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းရေး လိုအင်ဆန္ဒကို တပ်မတော်က ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လာမည့်နှစ်တွင် ၇၅ နှစ်ပြည့်တော့မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပြည့်စုံဖူလုံရေးနှင့် သာယာဝပြောရေးတို့ကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏နောက်သို့ တစ်စတစ်စနှင့် ရောက်ရှိသွားခဲ့သည်။
ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် အရေးပါသည့် အင်အားစု
၁၉၆၅ ခုနှစ်မှစတင်၍ နှစ်စဉ် မေလ ၁၂ ရက်နေ့ ကျရောက်တိုင်း ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day) သည် ယခုနှစ်တွင် (၅၈) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် သူနာပြုများ၏အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည့်အလျောက် ကမ္ဘာတစ်ဝန်းရှိ သူနာပြုများအား ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကျင်းပခြင်း ဖြစ်သည်။
ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား
မြန်မာတို့က ကပ်ကြီးသုံးပါးဟု သိရှိကြသည့် ရောဂါဘေး၊ လက်နက်ဘေး၊ အငတ်ဘေးတို့က မျက်မှောက်ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ စသည့် ကမ္ဘာတစ်ဝန်းမှ ဖြစ်စဉ်များကို များမကြာလှသေးမီက မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီးလည်းဖြစ်သည်။ သို့ဖြစ်လင့်ကစား အမှောင်တွင်းမှ အလင်းပွင့်များသဖွယ်ပင် ရောဂါဘေး၊ စစ်မက်ဘေး၊ အငတ်ဘေးတို့ ကျရောက်နေစဉ်အတွင်း မှာပင်ကရုဏာစိတ်နှင့်ယှဉ်သည့် ဆောင်ရွက်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး လူသားဆန်မှုများ ပြသခဲ့ကြသည်ကိုလည်း တွေ့ခဲ့ကြရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် သတင်းပေးပို့၊ တိုင်ကြားခြင်းဖြင့် ပါဝင်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ သတင်းပေးပို့ တိုင်ကြားနိုင်ရေးအတွက် လိပ်မူတိုင်ကြားရန် လိပ်စာများကို မီဒီယာများမှတစ်ဆင့် ပြည်သူကို အသိပေး ထားသည်။ တစ်ဦးတစ်ယောက်အဂတိလိုက်စားခြင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ကို သက်သေခံ အထောက်အထားများဖြင့် သတ်မှတ်ချက်များနှင့် အညီ တိုင်ကြားကြရန်လည်း လိုအပ်သည်။